ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲ ကျင်းပ




MNP   -    ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ကျိုင်းတုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်းက အမှာစကား ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်နှင့် ခရိုင်ဥပဒေအရာရှိ ဒေါ်နန်းသင်းသင်းလှိုင်တို့က ပြောင်းလဲလာသည့် ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စံနှုန်းများနှင့် အညီ လိုက်လျောညီထွေအောင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ ဦးဆောင်ပြီး ကလေးသူငယ်ဥပဒေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြန်လည်ရေးဆွဲပြီး ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွား ဖြစ်ထွန်းစေရန်၊ ကလေးသူငယ်များအပေါ် ခွဲခြားဆက်ဆံမှု ပပျောက်စေရန်၊ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရန်၊ ကလေးသူငယ်များ ရှင်သန်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့် စသည့် ကလေးသူငယ် အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်း အစီအစဉ်များနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ အကြောင်းအရာများကို အသိပညာပေး ဟောပြောကြသည်။


ထို့နောက် ဟောပြောပွဲ တက်ရောက်လာကြသူများက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ဥပဒေ အကြောင်းအရာများကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost










No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)