MNP - ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့တို့ ပူးပေါင်း၍ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးတင်မျိုးအောင်က ပြည်သူများ အသိပညာဗဟုသုတမြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် Book Club အဖွဲ့ဝင်ဦးစိုးသူက ကလေးအလုပ်သမားပပျောက်ရေး ကြိုတင်ကာကွယ်တားဆီးရမည့် အချက်များ၊ ကလေးငယ်များနှင့်ပတ်သက်ပြီး ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ အရွယ်မတိုင်မီကလေးငယ်များ လုပ်ငန်းခွင်သို့ ရောက်ရှိလာရသည့် အဓိကအကြောင်းအရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးပြစ်မှု၊ ပြစ်ဒဏ်များ၊ ကလေးအလုပ်သမားပပျောက်ရေး ဥပဒေများစသည့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အကျယ်တဝင့် ဆွေးနွေးကြောင်း သိရှိရသည်။
အေးအေးနွဲ့
https://t.me/MyanmarNationalPost

No comments:
Post a Comment