MNP - ဖေဖော်ဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ပေါက်တောမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့်စာအုပ်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ Community Centre ခန်းမတွင်ကျင်းပ ပြုလုပ်သည်။
အခမ်းအနားတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းအကြောင်းအရာများ၊ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ပင်လုံစာချုပ်သဘောတူချုပ်ဆိုနိုင်ရေး ကြိုးပမ်းခဲ့ပုံများကို ကျောင်းသား/သူများအားအသိပညာဗဟုသုတရရှိစေရေးအတွက်ဟောပြောရခြင်းဖြစ်ကြောင်းပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များ၊ ဓာတ်ပုံပြပွဲများနှင့် စာအုပ်စာစောင်များ ကို ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment