MNP - ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ၂၅ ကီလိုမီတာ စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီတွင် ကမ်းနားလမ်းမြစ်ကမ်းသာကစားကွင်းရှေ့၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
ရှေးဦးစွာပြိုင်ပွဲတွင် ၂၅ ကီလိုမီတာ၊ ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ်နေရာတွင် နေရာယူပြီး ပြည်နယ်ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက် တာလွှတ်ခဲ့ရာ ပြိုင်ပွဲဝင်အားကစားသမားများဖြစ်သော မော်လမြိုင်မြို့နယ်မှ ၂၁ ဦး၊ သံဖြူဇရပ်မြို့နယ်မှ ၈ ဦး၊ ချောင်းဆုံမြို့နယ်မှ ၁ ဦး၊ ကျိုက်မရောမြို့နယ်မှ ၁ ဦး၊ ပေါင်မြို့နယ်မှ ၅ ဦး စုစုပေါင်း ပြိုင်ပွဲဝင် အားကစားသမား ၃၆ ဦးတို့က ကမ်းနားလမ်းမြစ်ကမ်းသာ ကစားကွင်းရှေ့မှစ၍ ကမ်းနားလမ်း တစ်လျှောက်ချောင်းဆုံအဝိုင်းအားပတ်၍ မူလတာထွက်သည့်နေရာသို့ ပြန်လည်ပန်းဝင်ခဲ့သည်။
ထို့နောက်ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ စက်ဘီးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထ၊ ပဥ္စမ၊ နှစ်သိမ့်ဆု၊ အထူးဆုများရရှိခဲ့ကြသော ပြိုင်ပွဲဝင်အားကစား သမားများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
စည်သူ
https://t.me/MyanmarNationalPost

No comments:
Post a Comment