(၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စု‌နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအခမဲ့ဖြန့်ဝေ




MNP   -   ဖေဖေါ်ဝါရီ     ၉ 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ၂၀၂၃   ခုနှစ်၊  ဖေဖေါ်ဝါရီလ  ၁၂  ရက်နေ့တွင် ကျရောက်မည့်  (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့်သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ မွန်းတည့် ၁၂ နာရီက အခြေခံပညာကျောင်းများသို့သွာရောက်၍ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။


အဆိုပါ  သတင်းစကားလက်ကမ်းစာစောင်တွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်  ၁၂-၂-၂၀၂၂ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန််းကောက်နုတ်ချက်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၂၀-၁-၁၉၄၆ ရက်နေ့တွင် ဖဆပလ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင်ပြောကြားသော မိန့်ခွန်းမှကောက်နုတ်ချက်၊ ကဗျာဆရာ ဖိုးလေးလုံး‌ သောင်းကိုကို ရေးသားသည့် ‘စုဖွဲ့ပြည်ထောင် လှေတစ်စင်းရယ်နဲ့”ကဗျာ‘စည်းလုံးညီညွတ်မှုမှသည် ထာဝရငြိမ်းချမ်းရေးဆီသို့”

ဆောင်ပါးနှင့် ပြည်ထောင်န့ဆောင်ပုဒ်များဖြင့်ဝေဝေဆာဆာဖေါ်ပြပါရှိသည်။


ထိုသို (၇၆)နှစ်မြောက်ပြည်ထောင်နေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ရမ်းဗြဲမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦစီးဌာနမှဝန်ထမ်းများမှ အခမဲ့ဖြန့်ဝေပေးရာ ကျောင်းသား/ကျောင်းသူများကစိတ်ပါဝင်စားစွာ ဖတ်ရှုခဲ့ကြကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)