MNP - ဖေဖော်ဝါရီ ၉
မွန်ပြည်နယ်၊ပေါင်မြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေး(Talk Show) ပြုလုပ်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ်ကပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ( Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကိုပြောကြားသည်။
ထို့နောက် အမကလွန် ကဒါကမ်းနားကျောင်းအုပ်ဆရာမကြီး ဒေါ်လေးဖြူဖြူ က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များကိုလည်းကောင်း၊ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံများကိုလည်းကောင်း၊စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ကိုလည်းကောင်း၊ပြည်ထောင်စုစိတ်ဓာတ်ကိုလည်းကောင်း၊ပြည်ထောင်စုတိုင်းရင်းသားများ စည်းလုံးအားဖြင့်လက်တွဲမပျက်ရှေ့သို့ဆက်ကာ အေးအတူပူအမျှ လက်တွဲကြပြီး (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကိုကြိုဆိုပါကြောင်းစသည့်အကြောင်းအရာများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ( Talk Show) ပြုလုပ်ခြင်းဖြင့် ပြည်သူများအသိပညာများတိုးပွားစေရန်ရည်ရွယ်ပါသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment