MNP - ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တော ခရိုင်ရုံးမှ ဝန်ထမ်း များက ပြည်ထောင် စုရာထူးဝန်အဖွဲ့ “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ ညနေပိုင်းက လူထု အခြေ ပြုဗဟိုဌာန Community Center ခန်းမ ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က နိုင်ငံ့ ဝန်ထမ်း များလိုက်နာရမည့် တာဝန်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ဝန်ထမ်းများက ပြည်ထောင်စု ရာထူး ဝန် အဖွဲ့ “ဝန်ထမ်းကျင့်ဝတ်”စာအုပ်ပါ အကြောင်းအရာများဖြစ်သော ဝန်ထမ်း စည်းကမ်းများ ၊ အလုပ် နှင့် သက်ဆိုင် သည့် စည်းကမ်းများ ၊တာဝန်ထမ်းဆောင်မှု ၊ လုပ်ရည်ကိုင်ရည်တို့နှင့်သက်ဆိုင်သည့် စည်းကမ်းများ ၊ လုပ်ငန်းခွင်အတွင်း ပြုမှု ဆက်ဆံမှုဆိုင်ရာစည်းကမ်းများ ၊ ပါတီနိုင်ငံရေး ကင်းရှင်းရန် စည်းကမ်းများ စသည့်တို့တွင် ပါဝင်သော အချက် အလက် များ အကြောင်းအရာ များအား တစ်ဦးချင်း ဖတ်ကြားခဲ့ကြပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment