ဂွမြို့နယ် မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ် မူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲ ကျင်းပ






MNP   -    ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ဂွမူလတန်းကြိုကျောင်းတွင် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကိုယနေ့ညနေပိုင်းက အဆိုပါကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။


ပထမဦးစွာ လုမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပိုင်သူအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဂွမူလတန်းကြိုကျောင်းမှ ကလေးငယ်လေးများက အကအလှဖြင့် ဖျော်ဖြေခဲ့ကြပြီး ဖေဖော်ဝါရီလ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံကလေးများနေ့ အကြို ကဗျာ၊ သီချင်း၊ ပုံပြင်ပြိုင်ပွဲများတွင် ဆုရရှိသည့် ကလေးငယ်လေးများအား လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ၊ ဂွမူလတန်းကြိုကျောင်းမှ တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း  သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment