ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျန်းမာရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်



MNP   -   ဖေဖေါ်ဝါရီ    ၁၃

ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့ နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြီးကျန်းမာရေးဆိုင်ရာအသိပညာပေးTalk Show  ပြုလုပ်ဆောင်ရွက်ခြင်းကိုယနေ့မွန်းလွဲ ၂ နာရီကလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ဆောင်ရွက်ကြသည်။


ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ရမ်းဗြဲမြို့နယ်ရုံးကဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်ကကျန်းမာရာဆိုင်ရာအသိပညာပေး Talk Show ဆောင်ရွက်ရခြင်းရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားသည်။


ယင်းနောက်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  ဦးစီးအရာရှိဦးစံမင်းက ရာသီအလိုက်ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများအကြောင်းကိုရှင်းလင်းပြောကြားရာ ရမ်းဗြဲမြို့နယ်အတွင်းမှာ မိုးရာသီနှင့်ဆောင်းရာသီတို့မှာ Common Coldလို့ခေါ်တဲ့အအေးမိရောဂါဖြစ်ပွားတတ်ကြောင်း၊ ရောဂါရဲ့လက္ခဏာမှာဆိုရင်တော့နှာချေမယ်၊ နှာရည်ယိုမယ်၊ချောင်းဆိုးမယ်၊ကိုယ်လက်ကိုက်ခဲမယ်၊မျက်လုံးနာမယ်၊မျက်လုံးအောင့်မယ်ဖျားမယ်ဒီလိုလက္ခဏာတွေဖြစ်တတ်ပါတယ်၊ 


ဒီလိုဖြစ်နေတဲ့လူတွေဆီကနေတစ်ဆင့် နှာချေ ချောင်းဆိုးရာကနေတစ်ဆင့်တခြားသူတွေဆီကူးစက်နိုင်ကြောင်းဒီလိုရောဂါလက္ခဏာမဖြစ်ပွားရအောင် ပြည်သူများအနေနှင့် အိပ်ရေးဝအောင်အိပ်စက် ခြင်း၊လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း၊အာဟာရပြည့်ဝအောင်စားခြင်းနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ခြင်းတို့ဖြင့်ကာကွယ်နိုင်ပါကြောင်း၊ နွေရာသီရောက်တဲ့အခါမှာတော့ ဝမ်းလျှော ဝမ်းပျက်ရောဂါများဖြစ်ပွားလေ့ရှိတတ်ကြပါတယ်၊ ဝမ်းလျှောဝမ်းပျက်ဖြစ်ရတာကတော့ ယင်နားစာစားမိခြင်းမသန့်ရှင်းသောလက်နှင့်အစာစားသုံးခြင်းသောက်သုံးရေမသန့်ရှင်းတာတွေကြောင့်အဖြစ်များတတ်ကြပါတယ်၊ဒါကြောင့်ပြည်သူတွေအနေနှင့် ဝမ်းလျှောဝမ်းပျက်မဖြစ်ပွားရအောင်အစားအစာသန့်ရှင်းခြင်းရေသန့်ရှင်းခြင်း၊ လက်သန့်ရှင်းခြင်း၊ အိမ်သာသန့်ရှင်းခြင်းဆိုတဲ့ သန့်(၄) သန့်နှင့်အညီနေထိုင်ကြဖို့လိုအပ်ကြောင်းတို့ကို Online အသိပညာပေးရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။


အောင်နိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)