(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ပြုလုပ်


MNP   -     ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာတွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသား(ဂိုးလတ်)ဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေ (၃)နာရီ အချိန်က အနိမ့်ကျေးရွာ အထက်တန်းကျောင်း(ခွဲ) ဘောလုံးကွင်းတွင် ပြုလုပ်ခဲ့သည်။


 (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသား(ဂိုးလတ်)ဘောလုံး ပြိုင်ပွဲကို အနိမ့်ကျေးရွာအနီးရှိ ကျေးရွာများမှအသင်း (၇) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ ဗိုလ်လုပွဲတွင် အနိမ့်ကျေးရွာအသင်းနှင့် မြောက်ကျွန်းကျေးရွာအသင်းတို့ တွေ့ဆုံခဲ့ပြီး ပထမဆုရရှိသော မြောက်ကျွန်းကျေးရွာအသင်းအား ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မျိုးအောင်က ဆုချီးမြှင့်ခဲ့သည်။


အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသား(ဂိုးလတ်) ဘောလုံးပြိုင်ပွဲအား ကျင်းပလာရာ ယခုနှစ်တွင် (၂) ကြိမ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


ကျော်စွာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment