တောင်သာမြို့နယ် သံဘိုကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သာမြို့နယ် သံဘိုကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး




MNP   -   ဖေဖော်ဝါရီ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာလူထုအခြေပြုစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် သံဘိုကျေးရွာ ရွာတွင်းလမ်းများ ကွန် ကရစ်ခင်းခြင်းလုပ်ငန်းအား မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်းတာဝန်ခံနှင့်ဝန်ထမ်းများက ယနေ့နံနက် (၉) နာရီအချိန် အဆိုပါ​ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကွန်ကရစ်ဖျော်ရာတွင် အချိုးအစားမှန်ကန်မှုရှိစေရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ လောင်းပြီးကွန်ကရစ်အား အချိန်မှန်ရေလောင်းစေရေးတို့ကို မှာကြားခဲ့ပြီး ကျေးရွာကော်မတီဝင်များအား သံဘိုကျောင်းဆရာတော်နှင့်အတူ လုပ်ငန်း ခွင်အဆင်ပြေစေရေး ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ပေးခဲ့သည်။


အဆိုပါ သံဘိုကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းမှာ အရှည်ပေ ၅၂၅ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ဖြစ်ပြီး ကျးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀၊ ပြည်သူလူထုထည့်ဝင်ငွေ သိန်း၃၀ ဖြင့်ဆောင်ရွက်ခြင်းဖြစ်ကာ ယခုအခါ လုပ်ငန်းအားလုံး ၅၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်းနှင့် လုပ်ငန်းအားလုံး ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ ၁၉၀ လူဦးရေ ၁၀၀၀ ကျော်အတွက် သွားလာရေးလွယ်ကူအဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးကပြောသည်။


ကျော်မျိုးနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)