ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပ






MNP   -     ဖေဖော်ဝါရီ  ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် အဖြစ် ယနေ့ နေ့လယ် ၁ နာရီ အချိန်  ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းတွင် ပျော်ပွဲရွင်ပွဲနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။  


ရှေးဦးစွာ မောင်တောမြို့ ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းမှ သားငယ်၊သမီးငယ်လေးများက  တက်ရောက် လာသော တာဝန်ရှိသူများ နှင့် ဖိတ်ကြားထားသူများ ၊ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား မိဘများအား တေး သရုပ်ဖော် အကအလှများဖြင့် ဖျော်ဖြေခဲ့ကြသည်။ 


ထို့နောက် ပြိုင်ပွဲတွင် အဖွဲ့လိုက် တေး ကဗျာ သီဆို ပြိုင်ပွဲ စသည့် ဉာဏ် စွမ်းရည် ပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ  သားငယ် ၊ သမီးငယ်လေးများအား ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာမများက  ကစားစရာ အရုပ်များ ၊ အာဟာရမုန့် များ စသည့် ဆုလက်ဆောင်များအား အသီးသီးချီးမြှင့်ပြီး  အဆိုပါပြိုင်ပွဲတွင် ကိုယ်အား ကိုယ် ကိုး မူလတန်းကျောင်းမှ မူကြိုအရွယ် သားငယ် ၊ သမီးငယ်(၄၀)ကျော် ပျော်ရွင်စွာ ပါဝင် ဆင်နွဲခဲ့ကြကြောင်းသိရသည်။ 


သက်လွင်စိုး ၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)