ရခိုင်ပြည်နယ် မောင်တောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသားကျောင်းသူများ နောက်ဆုံးစာမေးပွဲ စတင်ဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (Grade-5)နှင့် (Grade-9) ကျောင်းသားကျောင်းသူများ နောက်ဆုံးစာမေးပွဲ စတင်ဖြေဆို





MNP  -   ဖေဖော်ဝါရီ  ၂၂

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ မောင်တောမြို့တွင်  ၂၀၂၂ -၂၀၂၃  ပညာသင်နှစ်၊ (Grade-5)နှင့် (Grade-9) ကျောင်းသားကျောင်းသူများ နောက်ဆုံးစာမေးပွဲများကို ယနေ့ နံနက် ၉ နာရီမှ စတင်ကာ သက်ဆိုင်ရာ ကျောင်းများတွင် ဖြေဆိုလျက်ရှိ ကြောင်း သိရသည်။


အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် (Grade-9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန ၁၈ ခုဖွင့်လှစ်၍  စာရင်းရှိ  ကျောင်းသား (၇၅၅)ဦး နှင့် ကျောင်းသူ(၃၅၂)ဦး စုစုပေါင်း (၁၁၀၇)ဦး ရှိသည့်အနက် ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ကျောင်း သား(၆၃၈)ဦး နှင့် ကျောင်းသူ(၃၃၇) ဦး စုစုပေါင်း(၁၀၂၀)ဦး  ဝင်ရောက်ဖြေဆိုခဲ့ကြပြီး  ဖြေဆိုရန်ပျက်ကွက်သူ စုစုပေါင်း (၈၇)ဦး ပျက်ကွက်ခဲ့ကြသဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၂ ဒဿမ ၁၄)ဖြစ်ရာ ပျက်ကွက် ရာခိုင် နှုန်းမှာ(၇ ဒဿမ ၈၆)ဖြစ်ကြောင်း တစ်နေ့လျှင် တစ်ဘာသာနှုန်းဖြင့် မတ်လ ၁ ရက်နေ့ထိ စစ်ဆေး ဖြေဆို ကြရမည် ဖြစ် ကြောင်း သိရသည်။ 


ထို့အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်တောမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် မူလတန်း အဆင့် (Grade-5) နှစ်ဆုံးစာမေးပွဲကို ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့ မြန်မာစာဘာသာအား လာရောက်ဖြေဆိုသူ ၁၉၃၆ ဦး ရှိပြီး ပျက်ကွက်မှာ ၂၅၉ ဦးဖြစ်ကြောင်း နှင့် ပျက်ကွက်ရာခိုင်နှုန်းမှာ ၁၁ ဒဿမ ၈၀ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။ 


သက်လွင်စိုး၊အောင်ကျော်စိန်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)