ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး ဒဏ်ရာရ


MNP ၊ ဖေဖော်ဝါရီလ ၁၁ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ကြာတကန်ကျေးရွာအနီးတွင် ယမန်နေ့ နံနက်ပိုင်းက PDF အကြမ်းဖက်သမားများ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျွန်းလှမြိုနယ်၊ ကြာတကန်ကျေးရွာအနီးတွင် မိသားစု စားဝတ်နေရေးအတွက် ပြည်သူ ၅ ဦးသည် သုံးဘီးဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ၎င်းကျေးရွာအနီးအရောက်၌ PDF အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သောကြောင့်  မိုင်းစများထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ကျွန်းလှမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

PDF အကြမ်းဖက်သမားများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အပြစ်မဲ့ ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းကြောင့် ပြည်သူများက ရွံမုန်းလာကြသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)