ရသေ့တောင်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ရခိုင်ရိုးရာကျင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ရခိုင်ရိုးရာကျင်ပွဲကျင်းပ






MNP   -   ဖေဖော်ဝါရီ ၁၁

  ရခိုင်ပြည်နယ်၊စစ်‌တွေခရိုင်၊ရသေ့တောင်မြို့၌၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ရခိုင်ရိုးရာကျင်ပွဲ၊ဖွင့်ပွဲအခမ်းအနားကို ယနေ့၊ ညနေ (၂)နာရီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ စေတီတောင်ရင်ပြင် ကျင်ကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


     ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်လင်းထက်ကရခိုင်ရိုးရာများမပ‌ပျောက်သွားရန်ကျင်းပပြုရခြင်းဖြစ်ပြီး၊ကျင်စည်းကမ်းများနှင့်ညီယှဉ်ပြိုင်သွားကြရန် ပြောကြားခဲ့သည်။ 


        (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ်ရခိုင်ရိုးရာကျင်ပွဲတွင် မြို့ပေါ်ကျင်သန်များနှင့်မြို့နယ်အတွင်းရှိကျင်သန်ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ည‌ နေပိုင်းတွင်‌ရွှေမောင်းများဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)