အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ


MNP   -   ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်(၉)နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။


အခမ်းအနားကို ရှေးဦးစွာ Grade-5မှကျောင်းသား၊ကျောင်းသူလေးများက " ကြိုဆိုပါသည် စုံညီပွဲတော် "‌တေးသီချင်းဖြင့် သီဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့် ခရိုင်လက်ထောက်ပညာရေးမှူး ဆရာမကြီးဒေါ်စိုးစိုးသန်းတို့က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစိန်‌ငွေမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


ဆက်လက်၍ ဆုရကျောင်းသား၊ကျောင်းသူများအား တာဝန်ရှိသူများက ဆုများသီးသီးပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။


အဆိုပါ ပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


သန်းလူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)