မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်တက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်




MNP   -  ဖေဖော်ဝါရီ  ၁၁

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများ ရှေးဦးပြုစုခြင်း အတတ်ပညာကို တတ်မြောက်ခြင်းအားဖြင့် လူမှုဂရုဏာလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်နိုင်စေရန်၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေး၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် ရှေးဦးပြုစုခြင်းလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်တတ်လာစေရန်အတွက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယနေ့နံနက်ပိုင်းက တက္ကသိုလ်ကြက်ခြေနီ အသင်း (ခွဲ)မှ ကြီးမှူး၍ ဖွင့်လှစ်ခဲ့သည်။


သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့်အရည်အပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါများကိုက်ခြင်းတုတ်ခြင်း၊ မြွေကိုက်ခြင်း၊ အခြေခံအသက်ကယ်အထောက်အကူ ပြုနည်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့်ရိုးဆစ် ကြောဒဏ်ရာ၊ ဦးခေါင်းဒဏ်ရာ၊ ကျောရိုးတန်းမဒဏ်ရာ၊ ကိုင်တွယ်ခြင်းနှင့်သယ်ဆောင်နည်းများစသည့်ဘာ သာရပ်များကို  သင်တန်းကာလ(၄)ရက်ဖွင့်လှစ်၍ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းကအမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတိုင်း တပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက သင်တန်းနှင့်ပတ်သက်၍  ရှင်းလင်းပြောကြားပြီး သင်တန်း စတင်ခဲ့သည်။ အဆိုပါသင်တန်းကို သင်တန်းသား  တက္ကသိုလ်ကျောင်းသား/သူ(၅၀)ဦး တက်ရောက်ခဲ့ကြပြီး မြိတ်မြို့နယ်ကြက်ခြေနီအသင်းနည်းပြများမှ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းအပြီးတွင်  ရေးဖြေစစ်ဆေးခြင်းနှင့် လက်တွေ့စစ်ဆေးခြင်းကို ဖြေဆိုကြရမည်ဖြစ်ကြောင်း သိရသည်။


ခိုင်ထူး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment