မောက်မယ်မြို့နယ်၌လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး“လူငယ်စကားဝိုင်း”ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေး“လူငယ်စကားဝိုင်း”ကျင်းပ




MNP   -  ဖေဖေါ်ဝါရီ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် လူငယ်များအသိပညာ ပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့် သတ္တိများရှိလာစေရန်၊ စာပေမှရရှိသည့် အသိပညာများဖြင့် ကြုံတွေ့လာနိုင်သည့်အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းတတ်စေရန်နှင့်လူငယ်များစာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်၂နာရီက အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်) ၌  ကျင်းပပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရည်လင်းက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်း လင်းပြောကြား ပြီးနောက် “လူငယ်စကားဝိုင်း” စတင်ကျင်းပခဲ့သည်။


“လူငယ်စကားဝိုင်း”တွင် ဦးဆောင်ဆွေးနွေးသူများအဖြစ် ကျောင်းသား/ကျောင်းသူများ(၄)ဦးတို့က ဆောင်ရွက်ကာ Grade-7မှ စိုင်းဟန်လှိုင်းက လူငယ်နှင့်ပညာရေး၊ Grade-9မှ နန်းမွမ်းခမ်းက လူငယ်နှင့်အနာဂတ်၊ Grade-9 မှ နန်းရွက်ငင်းက လူငယ်နှင့်ကျန်းမာရေးး၊ Grade-9မှ နန်းစင်ဟိန်း ကလူငယ် နှင့်ရည်မှန်းချက် စသည့်ခေါင်းစဉ်များဖြင့် အပြန်အလှန်ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများ မေးမြန်းဆွေးနွေးခဲ့ကြရာ ကျောင်းသား/ကျောင်းသူများ(၄)ဦးတို့က မေးခွန်းများ၏ကဏ္ဍအလိုက် ပြန်လည်ဖြေကြားခဲ့ကြပြီး ဆွေးနွေးပွဲသို့ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ(၇၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။  


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)