အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ပုံရိပ်ကို ချယ်မှုန်း၊ ရေးဆွဲကြမယ့်၊ ဒီလူငယ်တွေဟာ နိုင်ငံချစ်စိတ်နဲ့၊ သစ္စာရှိမှု၊ သမိုင်းကိုနားလည်နိုင်မှုနဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု စတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံညီညွတ်နေကြခြင်းသည်သာ မြန်မာနိုင်ရဲ့ထွက်ရပ်လမ်း ဟု USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ပုံရိပ်ကို ချယ်မှုန်း၊ ရေးဆွဲကြမယ့်၊ ဒီလူငယ်တွေဟာ နိုင်ငံချစ်စိတ်နဲ့၊ သစ္စာရှိမှု၊ သမိုင်းကိုနားလည်နိုင်မှုနဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု စတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံညီညွတ်နေကြခြင်းသည်သာ မြန်မာနိုင်ရဲ့ထွက်ရပ်လမ်း ဟု USDP ဥက္ကဋ္ဌ ဦးခင်ရီ ပြောကြား












MNP ၊ ဖေဖော်ဝါရီ ၁၁

ယမန်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ သည် ရမည်းသင်းခရိုင်အတွင်းရှိ လူငယ်များနှင့် တွေ့ဆုံ၍ ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြောင်း သိရသည်။


ဦးခင်ရီ က " အဲဒီမနက်မှာ ရမည်းသင်းခရိုင်၊ ရပ်နီး/ရပ်ဝေးက လာကြတဲ့တစ်ကြိမ်တစ်ခါမှ မဲမပေးဘူးသေးတဲ့ (First Time Voter) လူငယ် (၂၅၀) ကျော်နဲ့ သီလဝခန်းမမှာ  စကားဝိုင်းလေးပြုလုပ်ခဲ့ပါတယ်။ ကျွန်တော်က လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲအကြောင်း သိကောင်းစရာတွေပြောကြားခဲ့ပြီး၊ လူငယ်တွေဘက်က PR စနစ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့၊ နိုင်ငံသား မှတ်ပုံတင်ကိစ္စတွေ အပါအဝင် သိလိုတဲ့ကဏ္ဍပေါင်းစုံကို မြိုင်မြိုင်ဆိုင်ဆိုင်မေးကြတာကတကယ့်ကို ဝမ်းသာကြည်နူးဖြစ်ရပါတယ်ဗျာ။ ခရီးတိုဖြစ်လို့ ဒုတိယဥက္ကဋ္ဌ(၂)ဦး၊ အထွေထွေအတွင်းရေးမှူး၊ မီဒီယာတာဝန်ခံ၊ လူငယ်တာဝန်ခံနဲ့ အမျိုးသမီးတာဝန်ခံတွေ စုံစုံလင်လင်ပါကြပြီး ဝိုင်းဝန်းဖြေကြားပေးခဲ့ကြလို့လည်း ဒီစကားဝိုင်းလေးက အသက်ဝင်လှုပ်ရှားလှပါတယ်။ ကနေ့လူငယ်၊ နောင်ဝယ်လူကြီး၊ နိုင်ငံရဲ့အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာရှိတယ်ဆိုတဲ့ စကားတွေရှိခဲ့သလို အနာဂတ်မြန်မာနိုင်ငံတော်ရဲ့ပုံရိပ်ကို ချယ်မှုန်း၊ ရေးဆွဲကြမယ့်၊ ဒီလူငယ်တွေဟာ နိုင်ငံချစ်စိတ်နဲ့၊ သစ္စာရှိမှု၊ သမိုင်းကိုနားလည်နိုင်မှုနဲ့  အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှု စတဲ့အင်္ဂါရပ်တွေနဲ့ ပြည့်စုံညီညွတ်နေကြခြင်းသည်သာ မြန်မာနိုင်ရဲ့ထွက်ရပ်လမ်းလို့ဆိုရမှာပါ။" လို့ ပြောဆိုထားသည်။

      

ဦးခင်ရီအနေဖြင့် ပါတီဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်ချိန်မှစ၍ တိုင်းနှင့် ပြည်နယ်အသီးသီးသို့ လှည့်လည်ပြီး ပါတီဝင်များ၊ ပါတီဝင်ဟောင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအပြင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ကို ပြဋ္ဌာန်းပြီးနောက်ပိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်  ပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့် တင်ပြထားပြီး ဖြစ်သည်။


#MyanmarNationalPost

No comments:

Post a Comment