MNP - ဖေဖော်ဝါရီ ၁၁
၂၀၂၃ ခုနှစ်(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အကြို Talk Show ကိုယမန်နေ့နံနက် ၁၀ နာရီတွင် သန်လျင်မြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ကျင်းပခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းနှင့် သန်လျင်မြို့နယ်ပညာရေးမှုး ဦးခင်မောင်ဝင်းတို့က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ခိုင်မာရေး၊ လူငယ်ကျောင်းသား၊ ကျောင်းသူများ ပြည် ထောင်စုစိတ်ဓာတ်အစဉ်နိုးကြားရေး၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများက ရရှိမည့် အကျိုးကျေးဇူးများ စသည့်ပြည်ထောင်စုနေ့နှင့် ပတ်သက်၍အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment