ဆီဆိုင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အကြောင်းသိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်


MNP  -   ဖေဖော်ဝါရီ  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်မောပြေက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဦးစီးအရာရှိ ဦးကြီးဒဲရယ်က  ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုကြီး၏ မည်သည့်နေရာတွင် မည်သည့်လူမျိုးအမည်များဖြင့် နေထိုင်သည်ဖြစ်စေ “ဥမကွဲသိုက်မပျက်”အေးအတူပူအမျှအတူတကွ နေထိုင်ကြရန် စည်းလုံးညီညွှတ်သောစိတ်ဓါတ်၊ ခိုင်မြဲသောစိတ်ဓါတ်၊ ပြင်းပြသောစိတ်ဓါတ်ကို ပြည်ထောင်စုစိတ်ဓါတ်ဟုခေါ်ဆိုကြောင်း၊ ပြည်ထောင်စု၏ မည်သည့်နေရာတွင် နေထိုင်သည် ဖြစ်စေ ခိုင်မြဲသောပြည်ထောင်စုစိတ်ဓါတ်ကို မွေးမြူသွားကြရန်အရေးကြီးသည်၊ ပြည်ထောင်စု စိတ်ဓါတ်သည်သာလျင် တိုင်းရင်းသားအားလုံး ထာဝစဉ်ထိန်းသိမ်းစောင့်ရှောက်ရမည့် စစ်မှန်သော မျိုးချစ်စိတ်ဓါတ်ဖြစ်ကြောင်း ကျယ်ကျယ်ဝင့်ဝင့် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


မျိုးမြတ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment