ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး Talk Show ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေး Talk Show ပြုလုပ်


MNP   -    ဖေဖော်ဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင်ယမန်နေ့ညနေ(၃)နာရီက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး TalkShowကို  ပြုလုပ်ဆောင်ရွက်ရာ  မြို့လျှပ်စစ်မှူးဦးကျော်မျိုးဦးမှလျှပ်စစ်မီးသုံးစွဲမှုနှင့်ပတ်သက်ကာပြောကြားခဲ့သည်။


ထိုသို့ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးပြောကြားရာတွင် လျှပ်စစ်ပစ္စည်းများကိုင်တွယ်အသုံးပြုရာတွင် သတိထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များ စသည့်ဖြင့် ပြည်သူများလျှပ်စစ်သုံးစွဲရာ၌ အန္တရာယ်ကင်းရှင်းရေးအတွက်ဆောင်ရန်၊ ရှောင်ရန်အချက်များကို Talk Show အစီအစဉ်တွင်အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါTalk Show အစီအစဉ်ကို ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ရီရီလွင်နှင့် ရွှေသောင်ယံမြို့လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ မြို့လျှပ်စစ် မှူးဦးကျော်မျိုးဦးတို့မှ  ဦးဆောင်ဆွေးနွေးကာ အသိပညာပေးပြောကြားခဲ့သည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)