ရွှေတောင်မြို့နယ် အမက ( မြောက်ပိုင်း )ကျောင်းတွင် ကျောင်းသား/ကျောင်းသူ လေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အမက ( မြောက်ပိုင်း )ကျောင်းတွင် ကျောင်းသား/ကျောင်းသူ လေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေး



MNP  -   ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အမက ( မြောက်ပိုင်း ) ကျောင်းတွင် ကျောင်းသား/ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက်   ယမန်နေ့နံနက်ပိုင်းက   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနို့တိုက်ကျွေးခဲ့ ကြောင်းသိရသည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပြည်ခရိုင် ၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာစိုးလင်းက ကျောင်းသား /ကျောင်းသူလေးများအား အာဟာရဖွံ့ဖြိုးတိုးတက်စေရန်အတွက် နွားနို့တိုက်ကျွေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့် အဖွဲ့ဝင်များ၊ ပြည်ခရိုင် ၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာ စိုးလင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာ အေးချမ်းဝင်းနှင့်အဖွဲ့ဝင်များက ကျောင်းသား/ကျောင်းသူ  (၁၀၇)ဦးအားအာဟာရ ဖွံ့ဖြိုးတိုးတက်စေရန် နွားနို့တိုက်ကျွေးခဲ့ပြီး  အပတ်စဉ်မြို့ပေါ်ရှိ ကျောင်း ( ၁၀)ကျောင်းသို့ တစ်ကြိမ်လျှင်နို့ပိဿာချိန် ( ၁၅၀) တိုက် ကျွေးသွားမည်ဖြစ်ကြောင်း မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှသိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)