ကျိန္တလီမြို့၌ ဌာနဆိုင်ရာစုပေါင်းအဖွဲ့ဖြင့် သန့်ရှင်းရေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိန္တလီမြို့၌ ဌာနဆိုင်ရာစုပေါင်းအဖွဲ့ဖြင့် သန့်ရှင်းရေးဆောင်ရွက်







MNP   -   ဖေဖေါ်ဝါရီ ၁၁

    ကျိန္တလီမြို့၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ စုပေါင်း၍ ယနေ့နံနက် (၇)နာရီအချိန်တွင် ကျိန္တလီမြို့၊ ပြည်သူ့ဆေးရုံခြံ ပတ်ဝန်းကျင်အား  သန့်ရှင်းရေး ဆောင်ရွက်ခဲ့သည်။


    ထိုသို့ သန့်ရှင်းရေးဆောင်ရွက်ရာသို့ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဉာဏ်လင်း၊ ကျိန္တလီမြို့စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနိုင်မင်းအေးနှင့် ဝန်ထမ်းများ၊ မြို့ငါးလုပ်ငန်းဦးစီးဌာန မြို့ဦးစီးမှူး ဦးကိုကိုနိုင်၊ ကျိန္တလီ နယ်မြေရဲစခန်းမှ ဒုရဲအုပ် ဦးဆက်နွယ်စိုးနှင့်တပ်ဖွဲ့ဝင်များ၊ ကျိန္တလီနယ်မြေမီးသတ်စခန်း တာဝန်ခံ ဦးခင်မောင်ညို၊ ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး(NGO)အဖွဲ့ဝင်များ၊ “ရက္ခိတ” ပရဟိတ အသင်းသူအသင်းသားများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများတို့မှ ဆေးရုံ ပတ်ဝန်းကျင်ရှိ မြက်ပင်ခြုံနွယ်များအား ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်း၊ အမှိုက်ခြောက်များအား မီးရှို့ရှင်းလင်းခြင်းနှင့် မြို့စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်များကို အမှိုက်သိမ်းကားဖြင့် စနစ်တကျ စွန့်ပစ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများ စုပေါင်း၍ အပတ်စဉ် (စနေနေ့)တိုင်း သန့်ရှင်းရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ဇော်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment