ကဝမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကဝမြို့နယ်၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပ


MNP   -  ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ ပြည်သူများ ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်အတွက် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက်(၁၀)နာရီက ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမ၌ ကျင်းပခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show) ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်ဆိုင်ရာ အသိပညာပေးဆွေးနွေးခဲ့သည်။ဆက်လက်၍ အငယ်တန်းစာရေး ဒေါ်ချိုချိုစန်းလွင်က (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပင်လုံစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသားခေါင်းဆောင်ကြီးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကဝမြို့နယ်ရုံးအနေဖြင့် အသိပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာဖတ်ဝိုင်းများ၊ လူငယ်စကားဝိုင်းများနှင့် ပြပွဲ၊ ပြိုင်ပွဲများကို သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment