ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲပြုလုပ်


MNP   -   ဖေဖေါ်ဝါရီ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား သိသင့်သိထိုက်သည်များအား သိရှိလေ့လာမှတ်သားနိုင်စေရေးနှင့် အထွေထွေဗဟုသုတများအား သိမြင်ရရှိတိုးပွားလာစေ‌ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား စဉ်ဆက်မပြတ်ကြိုးစားဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ‌ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါပြည်ထောင်စုနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်နှင်းကြည်နှင့် စာအုပ်စာစောင်များချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် ဒေါ်နန်းညွန့်ညွန့်ဆွေ တို့မှ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ဖြစ်ပေါ်လာရခြင်းနှင့် ပတ်သက်၍ ဆွေးနွေးရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း လွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိစေရေးအတွက် တောင်တန်း ပြည်မမခွဲခြားဘဲ တိုင်းရင်းသားလူထုအားလုံး တညီတညွတ်တည်း တစ်သွေးတစ်သားတည်း စည်းလုံးညီညွတ်မှု သက်သေထူ ပြသနိုင်ခဲ့သောနေ့ဖြစ်သည့် ၁၉၄၇ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်မြောက်ပိုင်း ပင်လုံမြို့၌ သမိုင်းဝင်စာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားကိုယ်စားလှယ် (၂၃)ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြသည့် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ဖြစ်ပေါ်လာခြင်းနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး မပြိုကွဲအောင် ကာကွယ်ရှောက်စောင့်ရမည်ဖြစ်ကြောင်း စသည့်ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့်အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။


မျိုးမင်းဦး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment