လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲပြုလုပ်ကျင်းပ




MNP   -    ဖေဖေါ်ဝါရီ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။


ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲကို မစတင်မီ(Grade-11)မှ ကျောင်းသားတစ်ဦးကဦးဆောင်၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံနှင့်  ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်များ၊ ရဲဘော်များအား ဦးညွတ်အလေးပြုခဲ့ကြပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းရွှေကပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ ပြည်ထောင်စုကြီးအဓွန့်ရှည်တည်တံ့ခိုင်မြဲစေရန် ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်သွားကြရမည့်အကြောင်းများကို ဟောပြောပေးခဲ့သည်။


ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ  ဦးစောသော်တာလင်းသန့်က တောင်တန်း၊ ပြည်မပေါင်းစည်းပြီး  လွတ်လပ်ရေးရရှိနိုင်စေရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းအားထုတ်မှု၊ ပြည်ထောင်စုစိတ်ဓါတ်နှင့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ရှင်သန်စေရေးအတွက် တိုင်းရင်းသားများအားလုံး ချစ်ခင်စည်းလုံးကြရန်လိုအပ်ကြောင်း၊ ပြည်ထောင်စုကြီးခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် သားတို့ သမီးတို့အနေဖြင့်  အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်လာကြရန် ပညာကိုကြိုးစားသင်ယူလေ့လာကြရမည်ဖြစ်ကြောင်း ဆွေးနွေးဟောပြောခဲ့ပြီးနောက် ကျောင်းသား/ သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့သည်။


မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသပေးသော (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်မှတ်တမ်းဓါတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။


လင်းသန့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment