(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ယာမြေဧက (၁၁၀)ခန့် အကျိုးပြုသည့် လောက်ကျန့်ကျေးရွာ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လယ်ယာမြေဧက (၁၁၀)ခန့် အကျိုးပြုသည့် လောက်ကျန့်ကျေးရွာ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်


MNP   -   ဖေဖော်ဝါရီ  ၁၁

(၇၆)ကြိမ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၊ မိုင်းလွေကျေးရွာအုပ်စု၊ လောက်ကျန့်ကျေးရွာ ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကုန်ထုတ်လမ်းသစ်၌ ကျင်းပသည်။


ရှေးဦးစွာ ကျောင်းသူလေးများက ရိုးရာအကပဒေသာဖြင့် အခမ်းအနားကိုဖွင့်လှစ်ကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်က အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသက်လင်းထွန်းက ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။


ထို့နောက် ကျေးရွာပြည်သူများကိုယ်စား ကျေးရွာသူကြီး ဦးစိုင်းကျောက်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ကုန်ထုတ်လမ်းသစ်ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး သီဟ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဦးစိုင်းလှိုင်ခမ်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရန်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


အဆိုပါ ကျေးရွာကုန်ထုတ်လမ်း(၁/၄)မိုင်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေ (၅၉.၉၅)သန်းဖြင့် တင်ဒါအောင်မြင်သော ထူးထိပ်ထိန်း ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


လောက်ကျန့်ကျေးရွာရှိ အိမ်ခြေ ၇၂ ၊ လူဦးရေ ၆၃၅ ဦး၏ လယ်/ယာမြေဧက (၁၁၀)ခန့်၏ လယ်ယာထွက်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်းသို့ အချိန်တိုအတွင်းလွယ်ကူလျန်မြန်စွာ သယ်ယူပို့ဆောင်နိုင်ပြီဖြစ်၍ လူမူစီးပွားဘဝများတိုးတက်လာတော့မည်ဖြစ်ကြောင်း သိရသည်။


ခွန်ရဲထွေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment