မိုင်းယန်းမြို့၌ ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယန်းမြို့၌ ၂၀၂၃ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကျင်းပ


MNP    -  ဖေဖော်ဝါရီ  ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် ၁၀ နာရီက ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက်ပြည်‌ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။


အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး(ပြ) ဒေါ်နန်းပင်းခမ်းက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ စစ်မှန်သောမျိုးချစ်စိတ်ဓာတ် ခေါင်းစဉ်အကြောင်းအရာများဖြင့်လည်းကောင်း၊ လုပ်သားရုပ်သံ ဒေါ်နန်းနော်ဖတ်က ဖေဖော်ဝါရီ ၁၂ ရက်သည် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်သော နိုင်ငံအဖြစ်ပေါ်ထွန်းလာပုံ၊ ပြည်ထောင်စုသည် အနှစ်သာရပြည့်ဝသော နေ့ဖြစ်ပုံ စသည့်ခေါင်းစဉ် အကြောင်းအရာများဖြင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲတန်ဖိုးထားတတ်စေရန်အတွက် အသိပညာပေးဆွေးနွေးကြကြောင်း သိရသည်။


ထွန်းထွန်းထူး 

 https://t.me/MyanmarNationalPost

No comments:

Post a Comment