ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများနှင့် ပတ်သက်ဆက်နွယ်သူ ၁ ဦး ဖမ်းဆီးရမိ



MNP ၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ ကဇွန်းမကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာသွားလာနေထိုင်ရေးအတွက် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးပူးပေါင်းအဖွဲ့ဝင်များသည် လူ/ယာဉ် ဝင်ထွက်ခြင်းများ စစ်ဆေးဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် ချောက်မြို့ဘက်မှ ဆောမြို့ဘက်သို့ မောင်းနှင်လာသော ခရီသည်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းယာဉ်ပေါ်တွင်ပါလာသော ရဲဇော်ဖြိုးအား စစ်ဆေးခဲ့ရာ ၎င်း၏ လက်ကိုင်ဖုန်းအတွင်းမှ PDF အကြမ်းဖက်သမားများနှင့် ပြောဆိုဆက်သွယ်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)




No comments:

Post a Comment