ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာအနီးတွင် PDF အကြမ်းဖက်သမားများ၏ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


MNP ၊ ဖေဖော်ဝါရီ ၁၃

မကွေးတိုင်းဒသကြီး၊ ပခုက္ကူမြို့နယ်၊ ရေချိုကျေးရွာအနီးတွင် အများပြည်သူများ အေးချမ်းစွာ သွားလာနေထိုင်ရေးအတွက် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များသည် ယမန်နေ့ ညနေ ၃ နာရီခန့်တွင် ၎င်းကျေးရွာအနီး သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမား ယာယီအခြေချ နေထိုင်ခဲ့သော လူနေတဲ ၄ လုံးနှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်စခန်းမှ ဆိုင်ကယ်မျိုစုံး ၈ စီး၊ မီးစက် ၁ လုံး၊ ဆိုင်ကယ် ဘတ္ထရီအိုး ၃ လုံး၊ ၅၀ KW ဗို့ ဘတ္ထရီအိုး ၁ လုံး၊ - ဆိုလားပြား ၂ ချပ်၊ မီးကြိုး ၁ ခွေ၊ ကော့တက်ယမ်းကြိုး ၁ ခွေ၊ လက်လုပ်ရှော့တိုက်မိုင်း ၃ လုံး၊ မိုးဗြဲဒယ်အိုး ၂ လုံး၊ လင်ဗန်း ၄ ချပ်၊ ဒန်အိုး ၃ လုံး၊ ကြွေပန်းကန် ၄၀ ချပ်၊ ၅ ဂါလံပုံး ၄ လုံး၊ ထိုင်ခုံမျိုးစုံ ၂၀ လုံး၊ အလူမီနီယမ် စားပွဲ ၅ လုံး၊ ဒေါင်းရင်သွေး ပြောက်ကျားအင်္ကျီ ၂ ထည်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ ပြောက်ကျားဦးထုပ် ၆ လုံး၊ အထိုင်ဖုန်း ၂ လုံး၊ ဒေါင်းရင်သွေး ပြောက်ကျားတပ်ဖွဲ့ အလံ ၁ ထည်၊ ရိက္ခာဂိုဒေါင် ၁ လုံး၊ NLD အလံ ၁ ထည်၊ ကြိုးလွှဲစင် ၁ ခု၊ တန်းစီကွင်း ၁ ကွင်း၊ လေ့ကျင့်ရေးကွင်း ၁ ကွင်း တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)