ကျိုက်ထိုမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်နိုငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့်နိုငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး







MNP   -  ဖေဖော်ဝါရီ ၁၃

       မွန်ပြည်နယ်၊  ကျိုက်ထိုမြိုနယ်တွင်လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့်အသက်(၁၀)နှစ်နှင့်အထက် အခြေခံပညာမူလတန်းလွန်ကျောင်းသားကျောင်းသူများအားနိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကိုဖေဖော်ဝါရီ(၁၃)ရက် နံနက်(၁၁)နာရီအချိန်တွင်အမှတ်(၂)မူလတန်းလွန်ကျောင်းမြောက် ပိုင်း၌ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးက ယခုဆောင်ရွက်ပေးသည့်နိုင်ငံသားစိစစ်ရေးကတ်သည်မိမိတို့ဘဝအတွက်အရေးကြီးပါကြောင်း၊မိမိတို့မည်သည့်အလုပ်ကိုပဲလုပ်လုပ်နိုင်ငံသားစိစစ်‌ရေးကတ်သည် မရှိမဖြစ် လိုအပ်ပါကြောင်း၊ဒါကြောင့် မပျောက်မပျက်အောင်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


           ထို့နောက် ကျောင်းသား၊ကျောင်း သူ(၂၈၆)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းစိုးနှင့် အဖွဲ့ဝင်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့ကြောင်းသိရသည်။


ဝင်းမောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)