ပေါင်မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင်၂၀၃၀တွင် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင်၂၀၃၀တွင် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ




MNP   -  ဖေဖော်ဝါရီ  ၁၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင်၂၀၃၀တွင် ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲနှင့် ကာကွယ်ဆေးများထိုးနှံပေးခြင်းကိုယနေ့နံနက်ပိုင်းက ကျုံကကျေးရွာ၌ပြုလုပ်ခဲ့သည်။


အဆိုပါဟောပြောပွဲတွင် မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာနမှဒေါက်တာသက်နိုင် က ခွေးရူးရောဂါသည် ယဉ်ပါးသည့်ခွေးက ဒေါသထွက်ခြင်း၊ဒေါသထွက်သည့်ခွေးကမှိုင်ဝေခြင်း၊အစာမစားခြင်း၊သွားရည်များလွန်ကဲစွာထွက်ကျနေခြင်း၊ခွေးရူးရောဂါ သံသယခွေးကို (၁၄)ရက်ခန့်ခြံလှောင်စောင့်ကြည့်ပြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ သတင်းပေးပို့ပူးပေါင်းဆောင်ရွက်ကြဖို့ ဟောပြောခဲ့သည်။


ဆက်လက်၍ ဂရုစိုက်ရန်အချက်များဖြစ်သည့်ခွေးများကို ခွေးရူးရောဂါကာကွယ်ဆေးကြိုတင်၍ပုံမှန်ထိုးနှံပေးခြင်းဖြင့်လည်း‌ကောင်း၊မိမိအိမ်မွေးတိရိစ္ဆာန်များကို ခွေးလေ ခွေးလွှင့်များနှင့် မရောနှောမိစေရန် ဂရုစိုက်ခြင်းဖြင့်လည်းကောင်း၊ အပြင်သို့ထွက်လျင်မိမိခွေးကိုခွေးချည်ကြိုးဖြင့်ချည်ထွက်ခြင်းဖြင့်လည်းကောင်း၊ ခွေးကိုက်မိလျင်ခွေးကိုက်သည့်ဒဏ်ရာကို ဆပ်ပြာ၊ရေနှင့်ဆေး‌ကြော၍ ကျန်းမာရေးဌာနသို့သွားပြီးလျင်မြန်စွာကုသမှုခံယူကြရန်လည်း‌ကောင်းဟောပြောဆွေး‌နွေးခဲ့သည်။


တဆက်တည်းမှာပင် ကျုံကကျေးရွာအတွင်းရှိ အိမ်မွေးခွေးနှင့်ဘုန်းကြီးကျောင်းခွေးများကို ကာကွယ်ဆေး  ဆက်လက်ထုံနှံပေးလျက်ရှိကြောင်းသိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)