MNP - ဖေဖော်ဝါရီ ၁၃
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင်၊ ငပလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲ (၂း၀၀)နာရီအချိန်က ငပလီမြို့ ရှိစျေးဆိုင်တန်းမှစာဖတ်ပရိသတ်များအား အခမဲ့ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
ထိုသို့ စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် ငပလီမြို့၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှမြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက စာကြည့်တိုက်သို့ အလုပ်မအားလပ်၍ မလာရောက်နိုင်သည့် စျေးဆိုင်တန်းမှစာပေကိုစိတ်ဝင်စားသည့် စာဖတ်ပရိသတ် ပြည်သူများအားအသိပညာ ဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ရရှိ စေရေး၊စာဖတ်ရှိန်မြှင့်တင်ရေး ရည်ရွယ်ပြီး သုတ၊ရသစာအုပ်များကို အခမဲ့ငှားရမ်းပေးခဲ့သည်။
အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအခမဲ့ငှားရမ်းပေးခြင်းကို နှစ်ပတ်ပြည့်လျှင်စာအုပ်၊စာစောင်အသစ်များဖြင့်လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment