သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန' Community Centre )ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန' Community Centre )ခန်းမ၌ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ





MNP   -   ဖေဖော်ဝါရီ     ၁၃

            ရခိိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ် အတွင်းရှိ ပြည်သူများ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက် မြက် စေရန်၊စာဖတ်သည့်  အလေ့အထကောင်းများရရှိရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိရန် စာပေဖတ်ရှုခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍  (၇၆)နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ် စာစောင်နှင့်စာအုပ်ပြပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပ သည်။


      ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန္ဒာကြည်က က စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲများအား ကျင်းပရသည့်ရည်ရွယ် ချက်များ နှင့်မိမိတို့ဌာနအနေဖြင့် Digitalစနစ်ဖြင့်စာကြည့်တိုက်ဝန်ဆောင်မှုပေးနေသည့်အခြေ အနေများကို ရှင်းလင်းပြောကြား သည်။ ထို့ နောက် ပြပွဲသို့တက်ရောက်လာကြသူများက နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတွင် ခင်းကျင်း ပြသထားသော စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြသည်။


        အဆိုပါ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နံရံကပ်စာစောင်တွင်ပြည်ထောင် စုနေ့အကြောင်းသိကောင်းစရာများ၊မြန်မာ-ရုရှနှစ်နိုင်ငံဆက်ဆံရေးမှတ်တမ်းဓါတ်ပုံများနှင့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဆင်နွှဲမှုမှတ်တမ်းများ၊ကဗျာနှင့်ဆောင်းပါးများပါဝင်ပြီးသုတရသစာအုပ်ပေါင်း(၂၅၀)အားပြသပေးခဲ့ခြင်းဖြစ်ပါသည်။


စန္ဒာကြည်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)