MNP - ဖေဖော်ဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင်၂၀၂၃-ခုနှစ်၊ဖေဖော်ဝါရီလ၁၂ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အမျိုးသား(အလွတ်တန်း) ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ကို ယနေ့ ညနေ၃နာရီကမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်သည်။
အဆိုပါ အမျိုးသား(အလွတ်တန်း)ဘော်လီဘောပြိုင်ပွဲတွင်အသင်း(၅)သင်းပါဝင်ယှဥ်ပြိုင်ခဲ့ပြီးဗိုလ်လုပွဲကို ရွှေအိုးစည်အသင်းနှင့် ညောင်ပင်လှ အသင်းတို့ယှဥ်ပြိုင်ကစားကြရာ ညောင်ပင်လှ အသင်းကပထမ၊ရွှေအိုးစည် အသင်းက ဒုတိယ ရရှိခဲ့ပြီး ဆုပေးပွဲတွင်ပထမဆုကိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းကလည်းကောင်း၊ဒုတိယဆုကိုအဖွဲ့ဝင်ဗိုလ်မှူးသူရိန်စိုး ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost
No comments:
Post a Comment