ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာ အနီး PDF အကြမ်းဖက်အဖွဲ့သမားများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာ အနီး PDF အကြမ်းဖက်အဖွဲ့သမားများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


MNP ၊ ဖေဖော်ဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်း နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များသည် ယမန်နေ့က  နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PDF အကြမ်းဖက်သမားများ အား အသေဖမ်းဆီးနိုင်ခဲ့သည့်အပြင် ၎င်းတို့အသုံးပြုသည့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၊ ယင်းတို့၏ဆက်နွယ်နေသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားရန်၊ ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေရန်၊ အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် နိုင်ငံဝန်ထမ်းများ အပါအဝင် အပြစ်မဲ့ပြည်သူများအား အဓိကပစ်မှတ်ထား၍ လုပ်ကြံသတ်ဖြတ်ခြင်း၊ အများပြည်သူနှင့်ဆိုင်သော နေရာများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများပြည်သူပိုင်ပစ္စည်းများအား ဓားပြတိုက်လုယက်ခြင်း စသည် အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေကြသည်။

PDF အကြမ်းဖက်အဖွဲ့များသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ ကျားတက်ကျေးရွာအနီး ရောက်ရှိအခြေပြုနေကြောင်း နယ်မြေခံပြည်သူများ၏ သတင်းပေးချက်အရ လုံခြုံရေး အဖွဲ့ဝင်များမှ သွားရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမား ၇ဦး အသေ၊ အမ်-၂၂ သေနတ် - ၁ လက်၊ ကျည်အိမ် - ၁ ခု၊ လက်လုပ်သေနတ် - ၁ လက်၊ လက်လုပ်စိန်ပြောင်း  - ၁၅ လက်၊ လက်လုပ်စိန်ပြောင်းဗုံးသီး - ၆၇ လုံး၊ ယမ်းမဲ ၃ ပိဿာခန့် - ၁ ထုပ်၊ ၁၂ ဗို့ဘတ္တရီ - ၆ လုံး၊ Light Truck ကားအမျိုးအစား - ၂ စီး၊ Boxy ကားအမျိုးအစား - ၁ စီး တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)