အောက်တန်းစား ဒဿနပိုင်ရှင်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တန်းစား ဒဿနပိုင်ရှင်များ


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတက်လာပြီးနောက်ပိုင်း လူမှုကွန်ရက်စာမျက်နှာတွေမှာ အသံမျိုးစုံထွက်လာခဲ့တယ်။ ဆူပူအကြမ်းဖက်ဖို့ လှုံ့ဆော်သူများကလည်း ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ကြဖို့ လှုံ့ဆော်ကြတာတွေ ရှိသလို ဆူပူအကြမ်းဖက်မှုတွေနောက်ကို လိုက်ပါ မလုပ်ဆောင်ကြဖို့ အသိပေးပြောကြားမှုတွေလည်း တွေ့မြင်ရပါတယ်။

အာဏာလက်မဲ့ဖြစ်ခဲ့ရတဲ့ မဲသူခိုးကြီးများ အုပ်စုကတော့ အကြမ်းဖက်မှုတွေဖြစ်ပေါ်အောင် လှုံ့ဆော်ခဲ့ကြပြီး သူတို့ရဲ့ လှုံ့ဆော်မှုကလည်း အတိုင်းထက်အလွန် အောင်မြင်ခဲ့တာကို တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ မဲသူခိုးကြီးများဖြစ်တဲ့ NLD အုပ်စု၊ NLD ကို အမှီသဟဲပြုပြီး နိုင်ငံရေးလုပ်စားတဲ့ ၈၈ အုပ်စု၊ NLD ကို အသုံးချပြီး ပြည်ဖျက်မီဒီယာအဖြစ် ရပ်တည်နေကြသူတစ်စု ဝိုင်းဝန်းလှုံ့ဆော်လိုက်ရာမှာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၅၅၀၀ လောက်အထိကို သူတို့ရဲ့ အကြမ်းဖက်သမားများက လုပ်ကြံသတ်ဖြတ်သည်အထိ ခရီးရောက်ခဲ့ပြီ ဖြစ်ပါတယ်။

အဆုံးမသတ်သေးပါဘူး။ ထပ်ဆင့်လှုံ့ဆော်မှုတွေ လုပ်ဆောင်နေကြဆဲ ဖြစ်သလို သူတို့ရဲ့ သြဇာခံ PDF, KNU, KIA အစရှိတဲ့ အကြမ်းဖက်အဖွဲ့တွေအနေနဲ့လည်း လုပ်ကြံသတ်ဖြတ်ဖို့ အခွင့်အလမ်းသာရင် လုပ်ကြံသတ်ဖြတ်တယ်။ လုပ်ကြံသတ်ဖြတ်လို့ မရတဲ့အခါ လမ်းတံတားတွေကို ဖောက်ခွဲဖျက်ဆီး၊ အစိုးရရုံးဋ္ဌာနတွေကို မီးရှို့ဖျက်ဆီးကြပါတယ်။ တိုင်းပြည်ရဲ့ ဆုံးရှုံးမှုဖြစ်ပေမယ့် မဲသူခိုးကြီးများနဲ့ အပေါင်းအပါရဲ့ အောင်မြင်မှုလို့ မှတ်တမ်းတင်ပေးရမှာ ဖြစ်ပါတယ်။

မဲသူခိုးကြီးများဖြစ်တဲ့ NLD အုပ်စု၊ NLD ကို အမှီသဟဲပြုပြီး နိုင်ငံရေးလုပ်စားတဲ့ ၈၈ အုပ်စု၊ NLD ကို အသုံးချပြီး ပြည်ဖျက်မီဒီယာအဖြစ် ရပ်တည်နေကြသူတွေ အနေနဲ့ ဘယ်သူသေလို့မှလည်း သူတို့မှာ တာဝန်ယူ၊ တာဝန်ခံစရာ မလိုဘူး။ ဘယ်လို ပျက်စီးဆုံးရှုံးမှုတွေပဲ ဖြစ်နေပစေ သူတို့မှာ ပေးလျော်စရာလည်း မလိုဘူး။ တာဝန်ယူ၊ တာဝန်ခံပြီး ဖြေရှင်းစရာလည်း မလိုဘူး။ တိုင်းပြည်မှာ ပျက်စီးဆုံးရှုံးမှုများလေ သူတို့ကို ပေးကမ်းထောက်ပံ့နေသူတွေဆီက အထောက်အပံ့တွေ မျိုးမျိုးမြတ်မြတ် ရလေပါပဲ။ အခုဆိုရင်ပဲ ပြည်ဖျက်မိစ္ဆာအသိုင်းအဝိုင်းမှာ အမေရိကန်ရဲ့ အကူအညီတွေ ရတော့မှာ ဆိုပြီး ပျော်နေကြတာကိုပဲ ကြည့်တော့။

သူတို့တွေရဲ့ နိုင်ငံရေးလုပ်စားပုံက တာဝန်ယူမှု တာဝန်ခံမှု လုံးဝကင်းတယ်။ PDF တွေ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်လာအောင် လှုံ့ဆော်ပေးတယ်။ PDF က သတ်လို့ ဘယ်သူပဲ သေသေ သူတို့အတွက် အောင်ပွဲ။ PDF အကြမ်းဖက်သမားတွေကို လုံခြုံရေးအဖွဲ့ဝင်တွေ နှိမ်နင်းလို့ ဖြစ်စေ၊ ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ပစ်ခတ်လို့ ဖြစ်စေ၊ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်ဖို့ ဗုံးကိုင်ထားရင်း၊ မိုင်းဆင်နေရင်း သေသွားသည်ဖြစ်စေ ဘယ်လိုပဲ သေသေ တာဝန်ယူစရာ မလိုဘူး။ သူတို့တွေရဲ့ ပါးနပ်လိမ္မာမှုလို့ပဲ ပြောရတော့မှာပေါ့။ 

သူတို့တတွေ ဘေးကင်းရာကို ရောက်အောင် အရင်ဆုံးပြေးတယ်။ သူတိုအခေါ်အဝေါ်အားဖြင့်တော့ လွတ်မြောက်နယ် မြေ ပေါ့။ သူတို့အတွက် လွတ်မြောက်နယ်မြေဆိုတာကတော့ တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် လုပ်ဖို့ သူတို့ကို အစဉ်သဖြင့် ထောက်ပံ့ပေးနေတဲ့ အမေရိကန် နဲ့ ဥရောပနိုင်ငံတွေပါပဲ။ 

အောက်တန်းစားတွေ အကြောင်းကို ပြောမယ်ဆိုရင်ဖြင့် ကာတွန်းဆရာ နာနတ်သီး က စပြီး ပြောရလိမ့်မယ်ဗျ။ မောင်မင်းကြီးသား က ယခင်တုန်းကတော့ မရှိတဲ့ လူမျိုးကို လိမ်ညာဖန်တီးပြီး အော်နေကြတာနဲ့ ပတ်သက်လို့ ကာတွန်းနဲ့ သရော်ခဲ့ဖူးတယ်။ NLD အာဏာလက်မဲ့ ဖြစ်ပြီးနောက် ဆူပူအကြမ်းဖက်လှုံ့ဆော် ကာတွန်းတွေ ရေးလာတယ်။ ပြည်ဖျက်မိစ္ဆာများ ခေါ်ဆောင်ရာ လွတ်မြောက်နယ်မြေကို လိုက်ပါထွက်ပြေးပြီးတဲ့ နောက်မှာတော့ မောင်မင်းကြီးသား နာနတ်သီး က လူမျိုးလိမ် အခွင့်အရေးကို အလေးမထားဘဲ သရော် လှောင်ပြောင်ခဲ့မိတဲ့ အတွက် တောင်းပန်ပွဲတောင် လုပ်ခဲ့ရသတဲ့ဗျာ။ အိုအိုင်စီရဲ့ အထောက်အပံ့ ကျွန်တော့်ကိုလည်း ခွဲတမ်းပေးကြပါလို့ ပြောလိုက်တာပါပဲဗျာ။

နောက်ထပ် အောက်တန်းစာ ဒဿနတွေ သူရူးတစ်ယောက်လို ပြောနေသူကတော့ DVB က သတင်းထောက်ဆိုတဲ့ ရဲဝင့်သူ ပါပဲ။ သူပြောတဲ့ ဟာတွေထဲက သတိပြုမိတာလေး ၂ချက်လောက်ကိုပဲ ပြောပါ့မယ်ဗျာ။ DVB က ကောင်တွေကတော့ ရှင်းပါတယ်။ ဗုဒ္ဓဘာသာကို အပုပ်ချ စော်ကားမယ်။ ဘင်္ဂလီကို လူမျိုးလိမ်နာမည်နဲ့ တွင်တွင်အော်ပြီး အထောက်အပံ့ယူမယ်။ သူက မြန်မာနိုင်ငံမှာ ရွှေတိဂုံစေတီတော်ကြီး တည်ရှိနေတာကိုပဲ မြန်မာလူမျိုးတွေက အလို့၊ နုံလို့ ခံနေကြတာလို။ ရွှေတိဂုံစေတီတော် ဂေါပက အဖွဲ့က အများပြည်သူ လှူဒါန်းတာတွေအပေါ်က အမြတ်ထုတ်နေသလို အာဘောင်အာရင်းသန်သန်နဲ့ ပြောသဗျ။ သူ့ကို သတင်းပေးတယ်ဆိုတဲ့ ရွှေတိဂုံဂေါပကအဖွဲ့က ပုဂ္ဂိုလ်ကလည်း လုပ်စားဂွင် မရလို့ နာကျည်းပြီး သတင်းပေးတဲ့ သဘောဖြစ်မယ်ဗျ။

ဒီလို ခွေးသူတောင်းစားတစ်ကောင်ကို သွားပြီး သတင်းပေးတဲ့အခါကြတော့ မှန်ကန်တည့်မတ်ရေးအတွက် ပြုပြင်ရာ မရောက်တော့ဘဲ သိက္ခာချဖို့ သက်သက် ဖြစ်သွားတာပေါ့ဗျာ။ ကိုယ်ကျိုးရှာမှုတွေ မရှိဘူးလို့ မပြောလိုပါဘူး။ ရှိကောင်း ရှိနိုင်ပါတယ်။ အများပြည်သူ ကောင်းမှုပြုထားတဲ့အပေါ်ကနေ ကိုယ်ကျိုးရှာမှုတွေလည်း ရှိကောင်း ရှိနိုင်ပါတယ်။ ဒါကို ပြောချင်ရင် ပြုပြင်ကြဖို့၊ ဆင်ခြင်သတိပြုကြဖို့ပဲ ပြောရမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အထွဋ်အမြတ်ထားရာ ရွှေတိဂုံစေတီတော်ကို စော်ကားပြောဆိုမှုမျိုးကတော့ မလုပ်အပ်ဘူးဆိုတာ ဗုဒ္ဓဘာသာဝင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မလုပ်အပ်ဘူးဆိုတာ လူ့အသိတရား ရှိသူတိုင်း သိပါတယ်။ ရဲဝင့်သူ ဆိုတဲ့ ခွေးသူတောင်းစားကတော့ဖြင့် ဘာသာမဲ့လို့ ကြွေးကြော်ပြီး ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ စော်ကားပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ဘာသာမဲ့တစ်ယောက်အနေနဲ့ လွတ်လပ်စွာ ဆွေးနွေးပြောဆိုမယ်ဆိုရင် ဗုဒ္ဓဘာသာမှ မဟုတ်ဘူး ခရစ်ယာန်လူ့အဖွဲ့အစည်းမှာလည်း အားနည်းချက်ဆိုတာ ရှိတာပဲ။ အစ္စလာမ်လူ့အဖွဲ့အစည်းမှာလည်း အားနည်းချက်ဆိုတာ ရှိတာပဲ။ ဒီခွေးသူတောင်းစားက ဗုဒ္ဓဘာသာကိုပဲ စော်ကားပြောဆိုပြီး ခရစ်ယာန်၊ အစ္စလာမ်ကိုကြတော့ ဘာကြောင့် ဝေဖန်ပြောဆိုခြင်း မပြုဝံ့သလဲ။ တိုင်းဖျက် ပြည်ဖျက် ဆူပူအကြမ်းဖက် လှုံ့ဆော်ပြီး အမေရိကန်မှာ သွားရောက်ခိုလှုံနေထိုင်တယ်။ အိုအိုင်စီအဖွဲ့ရဲ့ အထောက်အပံ့ကို ခွဲတမ်းယူတယ်။ ဆိုတော့ ခရစ်ယာန်၊ အစ္စလာမ်ကို စော်ကားပြောဆိုရင် ကမ္ဘာ့အပြင်ဘက် ရောက်သွားနိုင်တယ်။

ခွေးသူတောင်းစားက မြန်မာပြည်မှာ ရှိသမျှ အလုံးစုံပျက်စီးဆုံးရှုံး၊ သေကျေအောင် လုပ်ဖို့ လှုံ့ဆော်မှုတွေလည်း လုပ်နေတာကို တွေ့ရတယ်။ ဒီကောင်တွေရဲ့ လှုံ့ဆော်မှုတွေကို အဟုတ်ကြီးထင်နေကြတဲ့ သူတွေအနေနဲ့ မင်းတို့ကိုယ်တိုင် ကြတော့ ဘာတစ်ခုမှ အထိအခိုက်မခံဘဲ အမေရိကန် မှာ ထွက်ပြေးတိမ်းရှောင်နေကြတာလဲဆိုတာတစ်ခုပဲ မေးမြန်းကြည့်စေချင်ပါတယ်။ ကိုယ့်ကိုယ်ကိုတော့ဖြင့် မှတ်တစ်ပေါက်အစွန်းမခံဘဲ  မြန်မာပြည်တွင်းမှာ ရှိသမျှလူကို သေကျေ ပျက်စီးဆုံးရှုံးအောင် ဘာကြောင့်လှုံ့ဆော်နေသလဲဆိုတဲ့ အဖြေကတော့ သူတို့ကို ကြိုးကိုင်နေသူတွေ ဖြစ်တဲ့ အိုအိုင်စီ အုပ်စုရဲ့ အန္တိမရည်မှန်းချက်ကို ရောက်အောင် အကောင်အထည်ဖော်နေခြင်း ဖြစ်တယ်ဆိုတာကို နားမလည်သ၍ ဒီလို ခွေးသူတောင်းစားများရဲ့ ဝါဒမှိုင်းကနေ မလွတ်မြောက်နိုင်ပါဘူး။

နောက်တစ်ယောက်ကတော့ DVB က အံ့ဘုန်းမြတ်ပါပဲ။ သူလည်း ရဲဝင့်သူ နဲ့ နင်လား ငါလား ပါပဲ။ ခွေးသူတောင်းစား အံ့ဘုန်းမြတ်ရဲ့ အာဘော်ကတော့ လူမျိုးလိမ်ကို လက်မခံတဲ့ စစ်တပ်ကိုလည်း ဖောင်းထုသလို လူမျိုးလိမ်ကို အသိအမှတ်ပြုပေးမသွားလို့ NLD ကိုလည်း ပက်ပက်စက်စက် ဆဲလေသတည်းပေါ့ဗျာ။ ခိုးဝင်ဘင်္ဂလီကို လူမျိုးလိမ်အမည်နဲ့ မြန်မာပြည်ကသာ အသိအမှတ်ပြုလက်ခံလိုက်မယ်ဆိုရင် အကျိုးအမြတ်တွေ ဘယ်လောက်ရမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ သူတို့တွေအနေနဲ့ မျှော်လင့်ချက်ကြီးထားပြီး လုပ်ဆောင်နေပေမယ့် ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း မအောင်မြင်ခဲ့ဘူး။ ဒေါ်စုလက်ထက်ရောက်တော့လည်း တွန်းအားပေးလို့ မရခဲ့ဘူး။ အခု နစက တက်လာတော့လည်း လူမျိုးလိမ်အသိအမှတ်ပြု လက်ခံပေးဖို့ ဝေးစွ။ သမိုင်းကြောင်းနဲ့ ယှဉ်ပြီး မြန်မာပြည်မှာ မရှိခဲ့ဘူးဆိုတာကို ပြောထားလေတော့ သူတို့ရဲ့ အန္တိမရည်မှန်းချက်ကြီးက လိုက်လေ ဝေးလေ ဖြစ်လာနေတယ်။ နောက်ဆုံးတော့ အံ့ဘုန်းမြတ်ဟာ ဘယ်သူ အသိမှတ်ပြုပြု မပြုပြု သူ့ကိုယ်သူ ရိုအံ့ဘုန်းမြတ် လို့ အမည်ပြောင်းလိုက်ရပါတယ်။

သူ့ရဲ့ အောက်တန်းစား ဒဿနတွေကို အရဲစွန့်ပြီး ချပြောဆိုရာမှာ ဒေါ်စုကိုလည်း ဆဲ၊ ဒေါ်စုဖေဖေတည်ထောင်ထားတဲ့ တပ်မတော်ကိုလည်း ဆဲတယ်။ နောက်ဆုံး သူ့ပထွေး ပြည်ပြေး ရွှေမောင် ကို ကြတော့ မဆဲတော့ဘူးဗျ။ NLD နဲ့ ဒေါ်စုကို ဆဲတာကလည်း သူ့ပထွေး ပြည်ပြေး ရွှေမောင် ကို အသိအမှတ်မပြုလို့။ ဒေါ်စုဖေဖေ တည်ထောင်ထားတဲ့ တပ်မတော်ကို ဆဲတာကလည်း သူ့တို့ရဲ့ လူမျိုးလိမ်အရေးတော်ပုံကြီး ကို အောင်မြင်မှုမရအောင် တားဆီးထားလို့ ဖြစ်တယ်ဆိုတာကို သူ့ရဲ့ ပြောဆိုမှုတွေကပဲ သက်သေခံသွားပါတယ်။ 

လူမျိုးလိမ်အရေးနဲ့ လုပ်စားနေတဲ့ DVB, Mizzima, The Irrawaddy, Khit Thit, Myanmar Now အပါအဝင် ပြည်ဖျက်မိစ္ဆာတွေသရုပ်မှန်ကို စမ်းစစ်ကြည့်တဲ့အခါ အချုပ်တန်းဆရာဖေရဲ့ ကဗျာလေးက အသက်ဝင်ပါတယ်ဗျာ။ ခွေးသူတောင်းစား အရိုးကိုက်တွေ ဖြစ်ပျက်နေပုံနဲ့ အချုပ်တန်းဆရာဖေရဲ့ ကဗျာက ဖော်ကြူးထားပုံက အပ်ကျမက်ကျပါပဲ။

အချုပ်တန်းဆရာဖေရဲ့ "မြန်မာတွေစည်းကမ်းဖေါက်" ဆိုတဲ့ တေးထပ်လေးက 

မြန်မာတွေစည်းကမ်းဖေါက်လို့၊

ထီးနန်းပျောက်ဖြစ်ပြီ၊

မှီးကွန်းထောက် အသစ်မှီတယ်၊

ညစ်ပလီ လူမျိုး၊

မိပစ်လို့ ဖ ရှောင်သွေသည်၊

ဂွကောင်တွေ ခွေးဖြစ်ပေါ့ဗျိုး။


မြန်မာများကြွားချင်၊

ဓားပြသွင် လူဆိုး၊

ကုလားမြင် သူ့အမေရိုးတော့မလို၊

ခုမြေလျှိုးပုန်းရှောင်၊

မိုက်ပနော် ပြုမဟေးတို့က၊

သူ့ပထွေးတော့ ခွေးသို့မဟောင်။


ပြောရောဟဲ့ရာဇဝင်ပြောင်အောင်၊

စာဇင်တောင် ဦးချလို့၊

ပလူးရ ပြေးကြို့ခါခါ၊

ခွေးသို့ပမာ၊

တွေးမိတိုင်း အရိုးနာသည်၊

အမျိုးပါ ဆဲချင်ပေါ့လေး။ ။


ဒီတေးထပ် ကို စကားပြေပြန်ရေးရင် အထက်ဖော်ပြပါ အောက်တန်းစာ ဒဿနတွေ ချပြနေသူတွေရဲ့ သရုပ်မှန်နဲ့ ထပ်တူကျမှာ ဖြစ်ပါတယ်။ ဒီကောင်တွေရဲ့ လှုံ့ဆော်ပြောဆိုမှုတွေကို ကြည့်ပြီး သံဝေဂ ဖြစ်မိတာက အမျိုးယုတ်မယ်ဆိုရင်ဖြင့် အဆုံးစွန်ယုတ်၊ ဟိုမရောက် ဒီမရောက် အမျိုးယုတ်ရုံလောက်နဲ့ စားပေါက်မတိုးဘူး။ ဒီကောင်တွေလို အဆုံးစွန် အမျိုးယုတ်ပြမှ စားပေါက်တိုးမယ်။ ဒီခွေးသူတောင်းစားတွေလို အမျိုးယုတ်တွေ များလာမှာကိုတော့ စိုးရိမ်မိပါတယ်လေ။ ကုလား ပေးစာကမ်းစာ ကို မြိန်ရည်ယှက်ရည်စားပြီး ကုလားရှူးတိုက်ပေးတိုင်း ဟောင်နေတဲ့ ကောင်တွေကတော့ဖြင့် သူတို့ရဲ့ အောက်တန်းစား ဒဿနတွေဖြစ်တဲ့ တိုင်းဖျက်၊ ပြည်ဖျက်၊ သာသနာဖျက် ဒဿနတွေကို ဘိန်းစားပြီး ဟောင်နေကြပါပြီလို့ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း သိရှိနိုင်စေရန် ကြေညာမောင်းခတ်လိုက်ပါသတည်း။


နောင်တော်လေး (ဘိုကလေး)




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)