သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် တေးဂီတဖျော်ဖြေပွဲ လာရောက်ကြည့်ရှုသူများဖြင့်စည်ကားလျက်ရှိ






MNP   -   ဖေဖေါ်ဝါရီ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲ၊ ရောင်းချပွဲနှင့် စင်တင်တေးဂီတ စတုတ္ထနေ့ဖျော်ဖြေပွဲကို ဖေဖေါ်ဝါရီ ၁၂ ရက်နေ့ ည ၇ နာရီက သံတွဲမြို့မအားကစားကွင်း၌ ကျင်းပလျက် ရှိရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီး ဒေသခံ ဝါသနာရှင်များ၏ STAR MUSIC BANDနှင့် The One Music Band စင်တင်တေးဂီတအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု များကိုလည်းကြည့်ရှုအားပေးခဲ့သည်။


ထို့နောက်နေ့လယ် ၁၂ နာရီက သံတွဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ ၊ခရိုင်အဆင့်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ဒွါရာဝတီအားကစားကွင်း၌ ကျင်းပပြုလုပ်သည့်  (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများဖြစ်သည့် ချောတိုင်တက်ပြိုင်ပွဲနှင့် လွန်ဆွဲပြိုင်ပွဲများအားကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသည့်အသင်းများအား ပထမဆု ၁၅၀၀၀ဝိ/-ကျပ် ၊ဒုတိယဆု  ၁၀၀၀၀ဝိ/-ကျပ်နှင့် တတိယဆု ၈၀၀၀ဝိ/-ကျပ်တို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြကြောင်းသိရှိရသည်။


 https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)