MNP - ဖေဖော်ဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။
ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Onlineမှ တစ်ဆင့် အသိပညာပေး အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ အသိ ပညာပေး Talk Show ကို ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)တို့က ကလေးသူငယ်များ၏ အသက်အပိုင်းအခြားများအကြောင်း၊ ကလေး သူငယ်မိဘများ၏ တာဝန် ဝတ္တရားများ၊ ကလေးသူငယ်များအတွက် ပြဋ္ဌာန်းထားသည့်အခွင့်အရေးများနှင့် ကလေးသူငယ်များ၏ တာဝန်များအကြောင်း၊ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူကြီး မိဘများ လိုက်နာသင့်သည့် အချက်များကို ပညာပေးဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပုဗ္ဗသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို Welovepobbathiri Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment