MNP - ဖေဖော်ဝါရီ ၂၅
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲ ကို ယနေ့ ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ အားကစားအဖွဲ့များ က အားကစားကွင်းအတွင် နေရာယူကာ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းအား အလေးပြုကြသည်။ထို့နောက် မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားအဋ္ဌိဋ္ဌာန်ရွတ်ဆိုကြ၍ မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ဘောလုံးကန်း၍ ဖွင့်လှစ်ပေးသည်။
အဖွင့်ပွဲစဉ်တွင် ဟာရီကိန်းအသင်း က Hunter အသင်း ကို နှစ်ဂိုး ဖြတ်ဖြင့်အနိုင်ရရှိသည်။ အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်းတို့က ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေအားကစားကွင်း တွင် ဖေဖော်ဝါရီ ၂၅ ရက် မှ မတ် ၇ ရက်နေ့ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်အုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသားများ၊ အားကစားသမားများနှင့်အားကစားကိုစိတ်ဝင်စားသူများတက်ရောက်ကြည့်ရှုအားပေးကြသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment