ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချမည်



MNP   -   ဖေဖော်ဝါရီ  ၂၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာန ၊ ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီ အားကစားသင်တန်းများကို   ၂၀၂၃ ခုနှစ် ၊ မတ်လ ၆ ရက်နေ့မှ စ၍ မြို့မ အားကစားကွင်းအတွင်း ဖွင့်လှစ်ပို့ချ ပေးမည်ဖြစ်ကြောင်းသိရသည်။ 


အဆိုပါ နွေရာသီအားကစားသင်တန်းများကို ခရိုင်/မြို့နယ် အားကစား နှင့် ကာယ ပညာဦးစီးဌာနမှကြီးမှူး၍  အားကစားနည်း ၈ မျိုးဖြင့် ဖွင့်လှစ်ပို့ချမည်ဖြစ်ရာ  အားကစားနည်းများ အနေဖြင့်  ဘောလုံး ၊ ဘော်လီဘော ၊ ပိုက် ကျော် ခြင်း ၊ ကရာတေးဒို ၊ Fitness Dances ၊ တင်းနစ် ၊ စားပွဲတင် တင်းနစ် ၊ ရိုးရာခြင်း တို့ဖြစ်သဖြင့် မိမိတို့ ဝါသနာများအတိုင်း အားကစားနည်းကို ရွေးချယ်ကာ တက်ရောက်နိုင်မည်ဖြစ်သည်။ 


သင်တန်းကာလမှာ မတ်လ ၆ ရက်နေ့မှ ၂၅ ရက်နေ့ထိ သင်ကြားပို့ချမည်ဖြစ်သဖြင့်  မြို့နယ် အားကစား နှင့် ကာယပညာဦးစီးဌာနသို့ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရ သည်။ 


သက်လွင်စိုး 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)