MNP - ဖေဖော်ဝါရီ ၂၆
(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု၊ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် ဝတ္ထုတို၊ ကဗျာ၊ ပန်းချီ၊ ကာတွန်းပြိုင်ပွဲကို ပုဏ္ဏားကျွန်းမြို့၊ စံပြ
ရပ်ကွက် အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးဦးကျော်ဟန်က ပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးမောင်စံဝင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေကြသည့် ကျောင်း သား/သူများအား လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။
အဆိုပါပြိုင်ပွဲကို ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စုစုပေါင်းကျောင်းသား/သူ(၆၈)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်
https://t.me/MyanmarNationalPost


No comments:
Post a Comment