AFC U20 အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ မြန်မာအသင်း မလေးရှားနှင့် ယှဉ်ပြိုင်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

AFC U20 အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ မြန်မာအသင်း မလေးရှားနှင့် ယှဉ်ပြိုင်မည်





MNP ၊ မတ် ၁၁

AFC U20 အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ အုပ်စု - G မြန်မာအသင်းသည် ၁၂ - ၃ - ၂၀၂၂ ရက်နေ့ ညနေ (၃ ၃၀)တွင် မလေးရှားနှင့် ထပ်မံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

၂၀၂၄ အာရှအမျိုးသမီး ယူ-၂၀ ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲစဉ်အဖြစ် မတ် ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃း၃၀ နာရီတွင် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်း လေ့ကျင့်ရေးပုံရိပ်များကိုလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် က ထုတ်ပြန်ထားသည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် အဖွင့်ပွဲတွင် ကမ္ဘောဒီးယားအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရထားပြီး မလေးရှားအသင်းမှာ ကမ္ဘောဒီးယားအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ထားသော အသင်းဖြစ်သည်။ AFC U20 အမျိုးသမီးအာရှဖလား ခြေစစ်ပွဲ အုပ်စု - G (၄)သင်းမှ ပါကစ္စတန်အသင်း နှုတ်ထွက်သွားခြင်းကြောင့် အိမ်ရှင် ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား (၃)သင်း တည်းသာ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)