မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၁၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ Basic English Grammar & Four Skills သင်တန်းကို ယမန်နေ့  နံနက် (၁၀)နာရီအချိန်က မော်လိုက်ခရိုင်ရုံး Community Centre ခန်းမတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။


ရှေ့ဦးစွာ Basic English Grammar & Four Skills သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းဆရာ ဦးစိုးတင့်နှင့် သင်တန်းသား/ သင်တန်း သူများ အပြန်အလှန်မိတ်ဆက်ပြီး သင်တန်းကို စတင်ပို့ချခဲ့သည်။


အဆိုပါ သင်တန်းသို့ သင်တန်းသား/သင်တန်းသူ (၄၀)ဦး တက်ရောက်ခဲ့ကြပြီး (၁၃-၃-၂၀၂၃) ရက်နေ့မှ (၁၁-၄-၂၀၂၃) ရက်နေ့အထိ  သင်တန်းကာလ ရက်သတ္တပတ်(၄)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရ သည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)