တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC)အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၁၃

တိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့သည်။


 အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကမ္ဘာကြီးပူးနွေးလာမှုကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးန္တရာယ်များအားလုံးကို ကြိုတင်ကာကွယ်ခြင်း၊ သဘာဝဘေးဖြစ်ပွားစဉ်တုံ့ပြန်ဆောင်ရွက်ခြင်း၊ ကူညီကယ်ဆယ်ခြင်းလုပ်ငန်းများအပြင် သဘာဝ ဘေးဖြစ်ပွားပြီး ပြန်လည်နေရာချထားခြင်းများအား ပြည်သူနှင့်အတူတကွ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရေး အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေး Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့သည်။


 အဆိုပါတိုင်းဒေသကြီးအဆင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အခြေခံသင်တန်း(BDMC) အမှတ်စဉ်(၁/၂၀၂၃)သင်တန်းအား ဌာနဆိုင်ရာဝန်ထမ်များနှင့် လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ စုစုပေါင်း(၅၀)ဦးဖြင့် မတ်လ(၁၃)ရက်နေ့မှ မတ်လ(၁၇)ရက်နေ့အထိ သင်တန်း ကာလ(၅)ရက်ကြာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်စီမံခန့်ခွဲမှုများ အသိပညာများ သင်ကြားပို့ချသွားမည်ဖြစ်သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကျောက်တွင်းကုန်းလမ်းဆုံ၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေး လမ်းကွေ့များဖြောင့်၍ လမ်းဧရိယာ တိုးချဲ့နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးတိုင်များ လမ်းဧရိယာနှင့် လွတ်ကင်းသည့် နေရာသို့ ပြန်လည်ပြောင်းရွေ့ရန်၊ Internet Fiber Cable များ မြေအောက်မှ စနစ်တကျသွယ်တန်းရန်၊ လမ်းဧရိယာနှင့်မလွတ်ကင်းသည့် သစ်ပင်များအား နေရာရွေ့၍ ပြန်လည် စိုက်ပျိုးရန်၊ ကျောက်တွင်းကုန်းလမ်းဆုံသည် ရန်ကုန်-မန္တလေးလမ်းမပေါ်တွင်ရှိပြီး ပဲခူးမြို့တွင်း လမ်းများနှင့် အဓိကချိတ်ဆက်ထားသည့် လမ်းဆုံဖြစ်၍ လမ်းညွှန်အမှတ်အသားများ၊ မီးပွိုင့်များ အား ထင်သာမြင်သာရှိစေရေး တပ်ဆင်ဆောင်ရွက်ရန်၊ မိုးရာသီလမ်းပေါ်ရေလျှံမှုမဖြစ်စေရေး လမ်းဘေး ဝဲ/ယာ ရေမြောင်းများ ပြန်လည်တူးဖော်ရန်၊ လမ်းမီးတိုင်အမြင့်များ  စိုက်ထူဆောင်ရွက်သွားရန်၊ သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment