ခရမ်းမြို့တွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခရမ်းမြို့တွင် အမျိုးသမီးငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ်




MNP ၊ မတ်  ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ကျင်းပသော အခြေခံစက်ချုပ်သင်တန်းကို အမျိုးသမီးငယ်များအိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး အခြေခံစက်ချုပ်စက်ရုံအလုပ်ရုံများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေး မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန(Community  Centre)၌ ကျင်းပခဲ့ကြောင်း သိရသည်။   


သင်တန်းဖွင့်ပွဲတွင် ခရမ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းဝေက အခြေခံစက်ချုပ်သင်တန်းကို  ခရမ်းမြို့နယ်အတွင်းရှိ အမျိုးသမီးငယ်များအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းများ ဖွင့်လှစ်ပေးနေမှုတို့အား ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမဒေါ်တင်မာဆွေက သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး သင်ကြားပေးမည် အခြေခံစက်ချုပ်နည်း၏ စက်ချုပ်ရိုးဖြောင့်စေရန် စက်နင်းခြင်း၊ ကိုယ်တိုင်း တိုင်းနည်း၊ ကိုယ်တိုင်းတွက်ချက်နည်း၊ အင်္ကျီတွက်နည်း၊ အင်္ကျီညှပ်နည်း၊  စက္ကူနှင့် အင်္ကျီညှပ်ခြင်း၊ ပိတ်စဖြင့်အင်္ကျီညှပ်ခြင်း၊ ကော်ကပ်နည်း/ချုပ်နည်း၊ ကိုယ်တိုင်အင်္ကျီ ချုပ်ခြင်း၊ ထမီ၊ ချိတ်ထမီ ကိုယ်တိုင်တိုင်းနည်း၊ တွက်နည်း၊ ချုပ်နည်း၊ ဘောင်းဘီရှည်၊ ဘောင်းဘီတိုချုပ်နည်းများကို နေ့စဥ် နံနက် ၁၀:၃၀ နာရီမှ ၁၂:၃၀ နာရီထိ၊ သင်ကြားပေးသွားမည်ဖြစ်သည့်အတွက် သင်တန်းသူများကကြိုးကြိုးစားစားသင်ယူကြရန် ပြောကြားခဲ့ကြောင်း သိရသည်။                        


သင်တန်းဖွင့်ပွဲသို့ ခရမ်းမြို့နယ်သင်တန်းနည်းပြဆရာမများနှင့် ရပ်ကွက်များမှ သင်တန်းသူ(၁၀)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ (၁၃.၃.၂၀၂၃ မှ ၃၁.၃.၂၀၂၃ ) ရက်နေအထိ သင်ကြား‌ပေးသွားမည်ဖြစ်ကာ  စက်ချုပ်ဆိုင်ရာများနှင့် အမျိုးသမီးဝတ်အင်္ကျီ၊ထမိန်စကတ်၊ ကိုယ်တိုင်ညှပ်၊ ချုပ်နိုင်သည့်အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကိုမင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)