MNP ၊ မတ် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရေးတို့အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြား ပေးခဲ့သော နွေရာသီအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုသည်။
အဆိုပါ သင်တန်းတွင် အားကစားနည်း (၇)မျိုးဖြစ်သော ဘောလုံး၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ရိုးရာခြင်းလုံး၊ မြန်မာ့ရိုးရာသိုင်း၊ ကြက်တောင်ရိုက်၊ Fitness Dance များကို မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ယွန်းရွှေရည်မြင့်နှင့် ဝန်ထမ်းများ သင်တန်းနည်းပြများက သင်ကြားပေးရာ ဘောလုံးအားကစားနည်းတွင် သင်တန်းသား (၄၀)ဦး၊ ပြေးခုန်ပစ်အားကစားတွင် သင်တန်းသား (၁၀)ဦး ၊ ရိုးရာခြင်းလုံး အားကစားတွင် သင်တန်းသား (၁၀)ဦး၊ မြန်မာ့ရိုးရာသိုင်းပညာအားကစားတွင် သင်တန်းသား၊ သင်တန်းသူ (၂၅)ဦး၊ ပိုက်ကျော်ခြင်း အားကစားတွင် သင်တန်းသား (၁၅)ဦး၊ ကြက်တောင်ရိုက်အားကစားသင်တန်း တွင် သင်တန်းသား၊ သင်တန်းသူ (၁၀)ဦးနှင့် Fitness Dance အားကစားနည်း သင်တန်းတွင် သင်တန်းသူ (၁၀)ဦး၊ စုစုပေါင်း(၁၂၀)ဦးတို့အား သင်ကြားပေးခဲ့ပြီး ထူးချွန်အားကစားသမားများ နှင့် သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ
https://t.me/MyanmarNationalPost


No comments:
Post a Comment