MNP ၊ မတ် ၂၀
ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပွဲစဉ်အဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် ယနေ့ မြန်မာ ယူ - ၁၇အမျိုး သမီးလက်ရွေးစင်အသင်းနှင့် လာအို ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ - ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် မတ် ၂၁ ရက်တွင် အဆင့်(၅) နေရာအတွက် ဂျပန်ကလပ် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိင်ကစားရ မည်ဖြစ်ကြောင်း သိရသည်။
2022 JENESYS U-17 Women’s Football Memorial Cup အုပ်စု (C)ပြိုင်ပွဲအဖြစ် ဂျပန်နိုင်ငံ၊ အိုကီနာဝါမြို့တွင် မတ် ၁၇ ရက်က မြန်မာ့လက်ရွေးစင် ယူ -၁၇ အမျိုးသမီးအသင်းနှင့် ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျပန် ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၄-ဝ) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။
#MyanmarNationalPost

No comments:
Post a Comment