MNP ၊ မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ နောင်ဘိုကျေးရွာ ဂိုဏ်းထောက်ကျောင်းတွင် ယနေ့နံနက် ၉ နာရီက လယ်ဝေးမြို့နယ်လုံးဆိုင်ရာ စတုတ္ထအကြိမ်မြောက်အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး တက်ရောက်ကြည်ညိုသည်။
ရှေးဦးစွာ နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး တိုင်းသံဃနာ ယကအဖွဲ့ဝင် နောင်ဘိုဂိုဏ်းထောက်ကျောင်းဆရာတော် ဘဒ္ဒန္တသုစိတ္တထံမှ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက် တည်သည်။ ဆက်လက်၍ ပဌာန်းရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ်ပူဇော်ကာ နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုး၊ ခရိုင်သာသနာရေးမှူး ဦးကျော်ဝင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်သူနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ပန်းပေါင်းစုံဘုရား(၈)ဆူနှင့် ဝတ္ထုငွေ၊ ပဌာန်းကျမ်းစာအုပ်၊ ပဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝေကြည်
https://t.me/MyanmarNationalPost
No comments:
Post a Comment